မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီး အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးအမြဲ ဝတ်ဆင်တတ်သူတစ်ယောက် ဖြစ်တာကြောင့် အားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးဟာလည်း မိန်းကလေးချင်းတောင် ငေးမောကြည့်ရလောက်အောင်ပင် လှသွေးကြွယ်လွန်းသူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။  

Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account

မအေးသောင်းဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ မအေးသောင်းဟာ အမြဲလိုလို Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို အမြဲဝေမျှလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Tik Tok Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account
Photo Credit - Aye Thaung's Facebook Account

ဒါကတော့ မင်းသားချောလေး မြင့်မြတ်နဲ့အတူ Tik Tok လေး ကစားထားတဲ့ အေးဝတ်ရည်သောင်းရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ မအေးသောင်းကတော့ လူ ဘယ်နှစ်ယောက်တွေ့လဲ ဖြေပါ ဆိုပြီးတော့လည်း ပဟေဠိဝှက်ထားပါသေးတယ်။ ပရိသတ်တွေအတွက် ရုပ်တည်လေးနဲ့ Tik Tok လေးကစားထားကြတဲ့ မြင့်မြတ်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ချစ်စရာ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Aye Thaung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။