ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာအလုပ်တွေကိုကြိုးစားပမ်းစားလုပ်ဆောင်နေပြီး နှစ်အနည်းငယ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာ နေရာယူလာခဲ့တဲ့အနုပညာရှင်တစ်ယောက်နော်။Beauty Bloggerတစ်ယောက်အဖြစ် ပရိသတ်တွေကို အလှအပရေးရာတွေမျှဝေခဲ့ကတည်းက သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကို ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit:Oakkar Photography
Photo Credit:Oakkar Photography
Photo Credit:Oakkar Photography

နေခြည်ဦးက‌ အလှအပရေးရာနဲ့ပက်သက်ပြီးတော့လည်း အထူးဂရုစိုက်တာကြောင့် ဆံဖျားကနေခြေဖျားအဆုံးထိ လှ‌ပကျော့ရှင်းနေအောင်နေထိုင်တတ်သူပါ။ကိုရီးယားနိုင်ငံကိုသွားရောက်ပြီးတော့လည်း ခွဲစိတ်ပြုပြင်မှုတွေလုပ်ခဲ့တဲ့ နေခြည်ဦးက ချစ်ပရိသတ်ကြီးကို သူမရဲ့အတွေ့အကြုံတွေချပြခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ချီချီ့ရဲ့ ပွင့်လင်းလွန်းတဲ့ စိတ်ဓာတ်လေးကို ချီးကျူးနေကြတာပါနော်။

Photo Credit:Oakkar Photography
Photo Credit:Oakkar Photography
Photo Credit:Oakkar Photography

နေခြည်ဦးက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာတွေကိုရိုက်ကူးနေသလို ဖိတ်ကြားလာတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နေခြည်ဦးက Bioderma ရဲ့ပွဲလေးကို တက်ရောက်လာခဲ့ပြီး ပန်းရောင်ဝတ်စုံလေးနဲ့ လူငယ်ဆန်ဆန်လှပနေသလို ပွဲထဲမှာ ချစ်စရာအမူအရာလေးတွေမျိုးစုံလုပ်ပြပြီး ပိုစ့်ပေးကြမ်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Oakkar Photography
Photo Credit:Oakkar Photography
Photo Credit:Oakkar Photography

Photo Credit:Oakkar Photography

Source:beautybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။