ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်အောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ထူးခြားဆန်းပြားအရာတွေထဲကမှ တစ်ခုဖြစ်တဲ့ ပင်လယ်ဓားမြသင်္ဘောအပျက်ကြီးရဲ့ အပိုင်းအစတွေ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁၇၁၈ ခုနှစ်က မုတ်ဆိတ်နက်လို့ အမည်ရှိတဲ့ သင်္ဘောကပ္ပတိန် ပင်လယ်ဓားမြဟာ ဗျူးဖို့ဒ်ကမ်းခြေတွင် သူရဲ့ သင်္ဘောကို နှစ်မြှုပ်ပစ်ရန် အမိန့်ပေးခဲ့ပါတယ်။ ထိုသင်္ဘောဟာ ၁၇၁၀ ခုနှစ်မှာ ရေချခဲ့တဲ့ "Queen Anne's Revenge" ရွက်သင်္ဘောဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ထိုရွက်သင်္ဘောရဲ့အပျက်အစီးများကို ပင်လယ်ပြင်အောက်မှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော လက်မှုပစ္စည်းများကို သင်္ဘောနှင့် အတူတွေ့ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနား ယဉ်ကျေးမှုအရင်းအမြစ်ဌာနက ပင်လယ်ပြင်အောက်မှ ပေါင်၂၀၀၀ ကျော် အလေးချိန်ရှိတဲ့ အမြောက်များနှင့် သေနတ်များကို ရှာဖွေဆယ်ယူခဲ့ပါတယ်။ ရှာဖွေခဲ့သော ရေအောက်ပစ္စည်းများထဲမှာ အမျိုးမတူသော အမြောက်လက်နက်ပေါင်း၂၀ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree


သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။