ပရိသတ်ကြီးရေ ဘာဘီအရုပ်မလေးလို အရမ်းချစ်ဖို့ကောင်းတဲ့ခင်ဝင့်ဝါဟာဆိုရင် မြန်မာ့ဂုဏ်ဆောင်အလှမယ်သရဖူကို ဆောင်းခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက်‌တွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။နောက်ပိုင်းမှာတော့ ခင်ဝင့်ဝါက ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ အနုပညာလောကမှာရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:KoBhone
Photo Credit:KoBhone
Photo Credit:KoBhone

ပရိသတ်တွေကလည်း ခင်ဝင့်ဝါကိုအခိုင်အမာအားပေးနေကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးနေကြတာပါနော်။ခင်ဝင့်ဝါက လူလေးလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်လို့ လူချစ်လူခင်ပေါများပါတယ်နော်။မာန်မာနမရှိဘဲ သဘောကောင်းဖော်ရွေပြီး လူတန်းစားမခွဲခြားတတ်သူဖြစ်လို့ ပရိသတ်တွေကလည်း ခင်ဝင့်ဝါကို အချစ်ပိုနေရတာဖြစ်ပါတယ်။

Photo Credit:KoBhone
Photo Credit:KoBhone

ခင်ဝင့်ဝါကတော့ လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကြော်‌ငြာတွေရိုက်ကူးကာ ပွဲအခမ်းအနားတွေလည်းတက်ရောက်နေပါတယ်။အခုဆိုရင်တော့ ခင်ဝင့်ဝါက "Jelly Bunny Myanmar"ရဲ့ ဆိုင်ခွဲသစ် ဖွင့်ပွဲလေးကို အနုပညာရှင်တွေနဲ့အတူတက်ရောက်ခဲ့ပြီး ရွှေရောင်ဝတ်စုံလေးနဲ့ တလက်လက်တောက်ပပြီး နုငယ်ပျိုမျစ်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:KoBhone
Photo Credit:KoBhone
Photo Credit:KoBhone

Photo Credit:KoBhone

Source:Khin Wint Wah's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။