အဆိုတော်ပိုပိုကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့ အချိန်ထဲလည်း ပရိသတ် အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူမကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုတတ်ပြီး ယခုမှာတော့ သီချင်းသစ်လေးတွေကို ပရိသတ်တွေရှေ့ချပြဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို ရယူထားနိုင်တဲ့ ပိုပိုကတော့ မကြာခင်က တစ်ကိုယ်တော် oneladyshowကို ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်အများအပြားလာရောက်အားပေးခဲ့ကြပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ အမိုက်စားပုံရိပ်လေးတွေကို လူမှူကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။


သူမကတော့ " ဘဝ ဟာ အမြဲ မဆိုးပါဘူးအရင်က အချစ်ရေးတွေဟာ ဘဝမှာ စိတ်ဒုက္ခတွေ ပေးခဲ့သလောက် အခုတော့ လူကောင်းသူကောင်းနဲ့တွေ့ပြီး အမြဲ ဂရုစိုက်ခံနေရတော့ စိတ်တွေချမ်းသာပြီး ပိုတောင် လှလာပါတယ်နော် "ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ာက်ထက်မှာရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက်ပိုပိုရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
source :ဝတ်ရည်မိုး facebook account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။