မင်းသမီးချောလေး သန္တာဗိုလ်ကတော့ မော်ဒယ်လောကမှာရော သရုပ်ဆောင်လောကမှာပါ ထင်ရှားအောင်မြင်နေသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပတဲ့ သန္တာဗိုလ်က စွဲမက်ဖွယ်ကောင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ပေါင်တံလေးတွေကအစ သွယ်လျလှပနေတဲ့ သန္တာဗိုလ်က မိန်းကလေးအချင်းချင်း အားကျရလောက်အောင်ကို အသားအရေလေးကလည်း ဖြူဖွေးလှပနေတာ ဖြစ်ပါတယ်။

Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc

သန္တာဗိုလ်ရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာလေးတွေ အဆက်မပြတ်ရိုက်ကူးနေရပြီး ဖက်ရှင်ရှိုးပွဲတွေမှာလည်း ပါဝင်လျှောက်လှမ်းနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြည့်ရဲ့ကောင်မလေးလည်းဖြစ်တဲ့ သန္တာဗိုလ်က ချစ်သူနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း သန္တာဗိုလ်က ရေကူးကန်မှာ အပန်းဖြေနေတဲ့ သူမရဲ့ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။

Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Page
Photo Credit - Thandar Bo's FB Acc

သန္တာဗိုလ်က အနက်ရောင်ရေကူးဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှပနေပြီး အထာကျကျပို့စ်ပေးနေတာလည်း ဖြစ်ပါတယ်။ မျက်မှန်တစ်လက်တပ်ပြီး အပြတ်အသတ်လန်းနေတဲ့ သန္တာဗိုလ်ကတော့ ကြွေချင်စရာကောင်းအောင်လှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သန္တာဗိုလ်ရဲ့အမိုက်စားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Thandar Bo's FB Acc

Photo Credit - Thandar Bo's FB Page
Photo Credit - Thandar Bo's FB Acc
Photo Credit - Thandar Bo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။