ပရိသတ်တွေချစ်ရတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က သမီးချောချောလေး တစ်ယောက်ကို မွေးဖွားထားပြီး Scarlett လေးကလည်း ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေကချစ်နေရတာဖြစ်ပါတယ်။မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ ခရီးတွေမကြာခဏသွားပြီး ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပါ။




အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က Our Travel Diariesဆိုတဲ့ Pageလေးမှာ ခရီးသွားပုံရိပ်လေးတွေကို မျှဝေနေကျဖြစ်ပါတယ်။မြတ်ရတနာကျော်တို့မိသားစုလေးကတော့ ချစ်ချစ်ခင်ခင်နဲ့ နွေးနွေးထွေးထွေးရှိကြပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပဲဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ကတော့ အနုပညာအလုပ်တွေကိုမလုပ်ဆောင်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိနေဲပါနော်။





လတ်တလောမှာဆိုရင်လည်း မြတ်ရတနာကျော်တို့ မိသားစုက ပုဂံမြို့ကိုခရီးထွက်ခဲ့ကြပြီး သမိုင်းဝင်ပုဂံရဲ့ ထည်ဝါမှုတွေကို ခံစားခဲ့ကြတာဖြစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းက Scarlettလေးကိုပါ ခရီးကိုခေါ်သွားပြီး မိသားစုတွေကြင်နာနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ မြတ်ရတနာကျော်တို့မိသားစုသုံးယောက်ရဲ့ ပျော်ရွှင်နွေးထွေးနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။





Photo Credit:YeMinLay Photography
Source:Our Travel Diaries Page&Kyaw Phyo Tun's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။