Music videoလေးများ၊ကြော်ငြာများနဲ့ တစ်ခတ်တခါက အနုပညာလောကမှာ နာမည်ကြီးခဲ့တဲ့မင်းသမီးချောလေးစမိုင်းလ်ကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ယခုအချိန်တွင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီး သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်စမိုင်းလ်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီး သမီးကြီးPortiaဟာလည်း အနုပညာအလုပ်တွေ စတင်လုပ်ဆောင်လာပြီပဲဖြစ်ပါတယ်။


Photo Credit-စမိုင်းလ် Smile's Facebook acc
Photo Credit-စမိုင်းလ် Smile's Facebook acc

စမိုင်းလ်ဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "ကိုယ့်ထက်ငယ်ပေမဲ့ကိုယ်လေးစားအားကျရတဲ့ဒါရိုက်တာနဲ့ရိုက်ရတော့မယ်ဆိုတော့" ဆိုတဲ့captionလေးနဲ့ ပုံလေးတင်ပေးလာပါတယ်။ သူမဟာ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးမဲ့ Yangon In Loveဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ တက်သစ်စအနုပညာရှင်လေးများစွာနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။


Photo Credit-စမိုင်းလ် Smile's Facebook acc
Photo Credit-စမိုင်းလ် Smile's Facebook acc

စမိုင်းလ်တို့ဇနီးမောင်နှံဟာ စိတ်တူကိုယ်တူနဲ့ စီးပွားရေးဘက်မှာရော ကုသိုလ်ရေးဘက်မှာပါအားတက်သရောလုပ်ဆောင်ကြတဲ့နှစ်ဦးဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော သူတို့မိသားစုလေးကိုချစ်ကြတယ်မလား။ Yangon In Loveရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမဲ့ စမိုင်းလ်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-စမိုင်းလ် Smile's Facebook acc
Photo Credit-စမိုင်းလ် Smile's Facebook acc

Source-စမိုင်းလ် Smile's Facebook acc

Photo Credit-စမိုင်းလ် Smile's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။