မင်းသမီးချောလေး ခြူးလေးကတော့ အပြုံးချိုချိုလေးတွေနဲ့ ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကြားမှာ မျက်နှာပွင့်နေတာ ဖြစ်ပါတယ်။ ချစ်ခင်အားပေးသူ ပရိသတ်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့ ခြူးလေးက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခြူးလေးက ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ ခြူးလေးက လူငယ်ဆန်ဆန်ပုံစံမျိုးလေးနဲ့ဆိုရင် အရမ်းကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြူးလေးက ဇာတ်လမ်းတွဲအသစ်၊ရုပ်ရှင်ဇာတ်ကားအသစ်တွေအပြင် ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးတစ်ယောက် မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ပုံလေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

ခြူးလေးကတော့ မြန်မာဝတ်စုံလေးနဲ့ အေးချမ်းကြည်လင်တဲ့အလှတွေ ပေါ်လွင်နေသလို ကျစ်လစ်လှပတဲ့ ကိုယ်လုံးလေးနဲ့ စွဲမက်ဖွယ်ကောင်းနေတာလည်း ဖြစ်ပါတယ်။ အခုလိုမြန်မာဆန်ဆန်ပုံလေးတွေကိုတော့ ခြူးလေးက '' စိန်ခြူးကြာညောင် သီချင်းလေး အမြဲဆိုတဲ့ ရွှေခြူးလေးရေ ''ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ချစ်စရာကောင်းတဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Chue Chue's FB Acc

Photo Credit- Chue Chue's FB Acc
Photo Credit- Chue Chue's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။