အဆွေးသီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်ရင်ထဲရောက်အောင် သီဆိုဖျော်ဖြေတတ်ပြီး ဂီတလောကမှာဆယ်စုနှစ်တစ်ခုနီးပါးတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူကတော့ တေးသံရှင်ပိုပိုပါ။ သူမဟာတေးသီချင်းကောင်းလေးများကို ကိုယ်တိုင်ရေးသားသီဆိုတတ်သူဖြစ်ပြီး ပရိတ်သတ်တွေရဲ့အားပေးမှု အပြည့်အဝရရှိထားသူဖြစ်ပါတယ်။ တေးသံရှင်ပိုပိုဟာ အနုပညာလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီး One Lady Showပွဲကြီးကိုလည်း မန္တလေးမြို့မှာ အောင်မြင်စွာကျင်းပထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်နော်။


ပိုပိုဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "မုံရွာတက္ကသိုလ်က အသည်းတွေနဲ့ တွေ့ခဲ့သည်"ဆိုတဲ့ captionလေးနဲ့ သီဆိုဖျော်ဖြေနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ သူမဟာ အနီရောင်ဝတ်စုံလေးနဲ့ ခပ်မိုက်မိုက်လေးလှနေပြီး ကျောင်းသူကျောင်းသားများနဲ့အတူ ပျော်ပျော်ပါးပါးတွေ့ဆုံရင်း အားပါးတရသီဆိုဖျော်ဖြေနေတာဖြစ်ပါတယ်။


ပိုပိုကျင်းပခဲ့တဲ့ One Lady Showပွဲကြီးဟာဆိုရင်လည်း ပရိတ်သတ်တွေ တစ်ခဲနက်အားပေးမှုရရှိခဲ့ပြီး အောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့တဲ့ ပွဲကြီးတစ်ပွဲဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးရော ပိုပိုလေးကို အားပေးချစ်ခင်ကြမယ်မလား။ မုံရွာတက္ကသိုလ်ကျောင်းသင်္ကြန်ပွဲမှာ သီဆိုဖျော်ဖြေနေတဲ့ပိုပိုရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source-ပိုပိုု's Facebook page
Photo Credit-ပိုပိုု's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။