ပရိသတ်ကြီးရေ.. စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အသည်းကျော် မင်းသမီးချောလေး အိချောပိုကတော့ အချိုးအစားကျပြီး ညို့အားပြင်းတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသလို မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကိုပါ ရရှိထားသူလေးပါ..။
သရုပ်ဆောင်ပိုင်နိုင်ပီပြင်တဲ့အပြင် အနေအေးကာ ချစ်စရာကောင်းပြီး ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့စိတ်ထားလေးနဲ့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိကာ အပြုံးချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်အသည်းကျော်လေး စူစူကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် အဆိုပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပြီး ရှိုးပွဲတွေမှာလည်း သီဆိုဖျော်ဖြေနေရပြီး လတ်တလောမှာလည်း နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ သီချင်းတစ်ပုဒ်လုပ်နေပါတယ်နော်..။
သီချင်းလေးကိုတော့ ထွက်ခါနီးမှ ပရိသတ်တွေကို ပြောပြမှာဖြစ်ပြီး လောလောဆယ်တော့ Surprise ပါဆိုကြီးတော့လည်း ပြောပြထားပြီး စူစူလေးကတော့ အဆိုပိုင်းမှာဆိုရင်တော့ ဘာမှမတတ်သလို ဆိုလည်းမဆိုတတ်ဘဲ ပရိသတ်တွေဌားလို့သာ ပွဲတွေဆိုဖြစ်သွားတာပါ ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားပါတယ်နော်..။


"ဖက်ရှင်ကတော့ ကိုယ်နဲ့လိုက်သလို ဝတ်တာပေါ့နော် နောက်တစ်ခုက အရမ်းအဝတ်အစားလှနေပေမယ့် ကိုယ်နဲ့လိုက်ဖက်ချင်မှ လိုက်ဖက်တာလေ အဲ့တော့ ကိုယ်နဲ့လိုက်တာပဲ ဝတ်ဖြစ်ပါတယ်.." ဆိုပြီး ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။
အကယ်ဒမီနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရစေချင်တဲ့ အနုပညာရှင်တွေအားလုံးကို ရစေချင်ပါတယ် ဆိုပြီး ပြောပြထားတဲ့ စူစူးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။


Photo Credit - Li John Photography & Yell Lin Naing & Kaung Si Thu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။