ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မြူလင်းကိုကိုကတော့ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိပြီး သူမရဲ့ ချစ်မေမေ ဖြစ်တဲ့ တချိန်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့

လင်းဇာနည်ဇော်ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ အမေဖြစ်သူရဲ့ အလှအပတွေကို အမွေရထားတဲ့ မြူလင်းကိုကိုကတော့ အနုပညာပိုးအပြည့်ပါကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ စိတ်အားထက်သန်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo credit - Myu Linn Ko Ko's fb account
Photo credit - Myu Linn Ko Ko's fb account

ဒါ့အပြင် အသားအရည်လေးက ကြည်လင်ဝင်းပပြီး ချစ်စရာကောင်းလွန်းတဲ့ မျက်နှာပုံစံလေးတွေ ချိုသာလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အချစ်တော်လေးဆိုရင်လည်းမမှားပါဘူး။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ မေမေလင်းဇာနည်ဇော်နဲ့အတူ ပွဲတွေကိုတတ်ရောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Myu Linn Ko Ko's fb account

ပရိသတ်အချစ်တော် မြူလင်းကိုကိုကတော့ ယခုမှာ ပြည့်ဖောင်းနေတဲ့ ချစ်စရာပါးလေးနဲ့ အပြစ်ကင်းစင်ပြီး အေးချမ်းလှပတဲ့

မျက်နှာပုံစံလေးတွေကြောင့် သူမရဲ့ ပရိသတ်တွေအသည်းယားစေမယ့် ချစ်စရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ မြူလင်းကိုကိုရဲ့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo credit - Myu Linn Ko Ko's fb account
Photo credit - Myu Linn Ko Ko's fb account

Source & Photo credit - Myu Linn Ko Ko's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။