ပရိသတ်ကြီးရေ.. အောင်မြင်ကျော်ကြား ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ အခိုင်အမာရရှိထားတဲ့ အချစ်တော်လေးကတော့ မော်လ်ဒယ်မင်းသမီးချောလေး စံရတီမိုးမြင့်ပဲ ဖြစ်ပါတယ်နော်..။
သရုပ်ဆောင်ကောင်းတဲ့ အသည်းကျော်လေး သူမကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ ပိုင်ဆိုင်ထားသလို အပြုံးချိုချိုလေးတွေနဲ့ စကားပြောပွင့်လင်းတာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတာပဲ ဖြစ်ပါတယ်..။
သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ အရင်ကထက်ပိုပြီး တည်ငြိမ်သွားဖြစ်တာက လူကြီးဖြစ်လာပြီး တည်ငြိမ်ရမယ့် အရွယ်ရောက်လာသလို အရင်တုန်းက မှားခဲ့လို့ အခုချိန်မှာ မှန်နိုင်တာဖြစ်တဲ့အကြောင်းလေးတွေကို ပရိသတ်တွေကို ဖွင့်ဟပြောပြလာပါတယ်..။
လူဆိုတာ အမှားနဲ့ မကင်းဘဲ မမှားဖူးသေးရင်လည်း မှားဖူးမှမှန်တဲ့အရာကို သိမှာဖြစ်ပြီး တစ်သက်လုံးမမှားဖူးတဲ့လူဆိုတာလည်း မရှိသလို ဒုက္ခဆိုတာလည်း ကြုံဖူးမှ ဘယ်အရာက ဒုက္ခ သုခလဲဆိုတာသိနိုင်ပြီး အမြဲတမ်းအကောင်းကြီးပဲ မျှော်လင့်နေလို့ မရဘဲ ဘဝကတိုတိုလေးဆိုပေမယ့် နေ့စဉ်ဓူဝကြုံတွေ့နေရတာတွေက အများကြီးပဲမို့ ကောင်းတာလည်းရှိကာ မကောင်းတာလည်း ရှိပြီး မကောင်းတာတွေ ကြုံမှ ကောင်းတာတွေ သိမှာဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။
လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့လည်း “ဇာတ်လမ်းတွဲက တစ်ခုတော့ရိုက်ပြီးသွားပြီ ဇာတ်လမ်းတွဲက အချိန်တော့ တော်တော်ပေးရမယ် သဲသဲကို ဇာတ်နှစ်ခုပေးထားတာတောင် ရိုက်ရင်ကောင်းမလား မရိုက်ရင်ကောင်းမလား စဉ်းစားနေတာပေါ့နော် အကယ်ဒမီပေးပွဲကတော့ တက်ဖြစ်မှာပါ ..” ဆိုပြီး သဲက ပြောပြထားပါသေးတယ်..။
ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ပရိသတ်တွေအားလုံးရဲ့ အချစ်တော်မင်းသမီးချောလေး စံရတီမိုးမြင့်ပြောပြထားတဲ့ တည်ငြိမ်သွားတဲ့အကြောင်းလေးနဲ့ အမှားကို ကြုံဖူးမှ အမှန်ကို သိနိုင်ခဲ့တဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုကင်ပါတယ်နော်..။
Photo Credit - Ria Bo Vich
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။