ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိကြိုးစားလုပ်ဆောင်နေဆဲဖြစ်တာမို့ ချစ်ပရိသတ်ကြီးရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ရဲ့ သားသမီးနှစ်ယောက်ကလည်း မေမေ့ရဲ့အနုပညာဗီဇပါတာကြောင့် အနုပညာမှာပါရမီပါပြီး လက်ရှိမှာတော့ ပညာရေးတစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပါတယ်နော်။

ခင်ဇာခြည်ကျော်ကလည်း သားနဲ့သမီးနောက်ကိုလိုက်ပြီး အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသလို သားအမိသုံးယောက်က ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်ကြပါတယ်နော်။ပရိသတ်တွေကတော့ ခင်ဇာခြည်ကျော်ကိုလည်းအားပေးသလို ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကိုလည်း ချစ်ခင်အားပေးကြပါတယ်။ခင်ဇာခြည်ကျော်က သားနဲ့သမီးရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။

ခင်ဇာခြည်ကျော်တို့ သားအမိသုံးယောက်က Tiktok လေးတွေကိုလည်း တက်ညီလက်ညီဆော့ကစားကြပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေနေကြဖြစ်လို့ ပရိသတ်ကြီးကလည်း အားပေးကြည့်ရှု့ကြပါတယ်နော်။အခုဆိုရင်လည်း ဘုန်းမင်းနေလနဲ့ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်က ဟာသTiktok လေးကို တက်ညီလက်ညီကစားနေကြပြီး ဘုန်းမင်းကလည်းနှုတ်ခမ်းနီကို ဟန်ပါပါဆိုးကာ အမိုက်စားအိုင်တင်တွေနဲ့ကစားထားတာကြောင့် ပရိသတ်ကြီးအတွက် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source&Photo Credit:Khin Zarchi Kyaw's Facebook Account

Video Credit:Khin Zarchi Kyaw's Tiktok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။