ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး ပရိသတ်မေတ္တာကို ခံယူနေတာပဲဖြစ်ပါတယ်။အေးမြတ်သူရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း အခုနောက်ပိုင်းမှာကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လာတာကြောင့် ပရိသတ်တွေကချီးကျူးနေရတာဖြစ်ပါတယ်။အေးမြတ်သူကတော့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးနေတာဖြစ်ပါတယ်။



အသက်(၃၀)ကျော်အရွယ်ကို ရောက်ရှိနေပေမယ့် မြန်မာဆန်ပြီးကျက်သရေရှိတဲ့အလှတရားတွေက နည်းနည်းလေးမှမလျော့သွားတာကြောင့် အမြဲတမ်းလှပနေတာပဲဖြစ်ပါတယ်။ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကလည်း မြန်မာဝတ်စုံလေးနဲ့ဆိုရင် အရမ်းဆွဲဆောင်မှုရှိပြီး ရိုးရိုးလေးနဲ့လှနေသလို ခေတ်ရေစီးကြောင်းဖက်ရှင်တွေနဲ့ဆိုရင်လည်း ညှို့အားပြင်းနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။




အခုဆိုရင်တော့ မြန်မာဆန်တဲ့အလှတရားတွေနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့အေးမြတ်သူက"ဒီရက်ပိုင်းတော့... ဒီလိုလေးတွေ ဝတ်ဖြစ်နေပါသည်ရှင့်.အချစ်ဆိုတာ... အရာရာကို ပြောင်းလဲပေးနိုင်လား..ချစ်သူ.... မင်းအကြောင်းတွေးနေရတဲ့အချိန်တွေမှာ အလွမ်းက.. အပြုံးဖြစ်သွားတယ်....ကိုယ်ပိုင်ဆိုင်ထားတဲ့ချစ်ခြင်းတွေ က တစ်နေ့ထက်တစ်နေ့.. ပိုပိုပြီး.. တန်ဖိုးရှိသလို အဖိုးတန်လာသလိုခံစားနေရတယ်..မင်းချစ်ခြင်းမှာ ကိုယ်တန်ဖိုးရှိပါရစေ"ဆိုပြီးရေးသားကာ ကျက်သရေရှိနေတဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။



Source&Photo Credit:Aye Myat Thu's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။