ပရိသတ်ကြီးရေ.. သက်မွန်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ကတော့ ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်း ကောင်းမွန်သူလေးမို့ ပရိသတ်တွေက အမြဲအချစ်ပိုနေရသူလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့အတူ ကြည်နူးပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကိုလည်း ပျော်ပျော်ရွှင်ရွှင်ပိုင်ဆိုင်ဖြတ်သန်းနေသူလေးမို့ အားလုံးက အားကျချစ်ခင်နေကြသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Min Tun (Amazing Grace)

ချစ်သက်လေးကတော့ သားသားမီးမီးလေးတွေ မွေးဖွားပြီးနောက်ပိုင်းမှာလည်း တစ်သားမွေတစ်သွေးလှကာ ကျော့ရှင်းပြီး အေးချမ်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသလို အမြဲချစ်စရာကောင်းနေကာ ဆွဲဆောင်မှုရှိရှိ ဖမ်းစားတတ်သူလေးဆိုလည်း မမှားပါဘူး..။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်ကာ အခမ်းအနားပွဲတွေကိုလည်း တက်ရောက်ဖြစ်နေတဲ့ ချစ်သက်လေးကတော့ ပြီးခဲ့တဲ့ရက်က ပြုလုပ်ကျင်းပခဲ့တဲ့ Amazing Thailand ရဲ့ Travel Tour 2020 ပွဲလေးကိုလည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ တက်ရောက်ခဲ့ပြန်ပါတယ်..။

Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)

အဖြူရောင်ဖက်ရှင်လေးနဲ့ အပြုံးချိုချိုလေးတွေက ဖြူဖြူစင်စင်လေး လှသွေးကြွယ်ကာ ကလေးလေးတစ်ယောက်လိုလည်း ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ ကြည့်နေရင်း မြင်သူပရိသတ်တွေကို တရိပ်ရိပ်နဲ့ အချစ်ပိုစေမှာပါနော်..။

Amazing Thailand ရဲ့ Travel Tour 2020 အခမ်းအနားပွဲလေးမှာ ရိုးရှင်းအေးချမ်းကာ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေနဲ့ ဓာတ်ဖမ်းထားသလို ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း အမှတ်တရဓာတ်ပုံလေးတွေ အတူရိုက်ကူးရိုက်ကူးထားသေးတာမို့ အားလုံးပဲ သဘောကျနေကြမှာပါနော်..။

Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)
Photo Credit - Nay Min Tun (Amazing Grace)

Source - Thet Mon Myint's FB Page

Photo Credit - Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။