မင်းသမီးချောလေးခြူးလေးကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်သူတစ်ယောက်ဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိနေခဲ့ပါတယ်။ သူမကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကိုတော့ ရယူထားနိုင်သူဖြစ်ပါတယ်။


သူမကတော့ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ TIKTOKဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ရယ်မောအောင် ပြုလုပ်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။


သူမကတော့ သနပ်ခါးပါးကွက်ကြားလေးလိမ်းပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ကျက်သရေရှိလှပနေခဲ့ပါတယ်။ သူမကတော့ " အပို အလို မရှိ သဘာဝ ကျချင်တယ် အေး ပီသချင် ဒါပါပဲ .. " ဆိုပြီးချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ရာ ချစ်ပရိသတ်တွေအတွက် ခြူးလေးရဲ့ အဆိုပါပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
source: Chue Chue 's facebook account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။