ဆွဲငင်အားပြင်းပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ချမ်းချမ်းကတော့ ပရိသတ်တွေကို သူမရဲ့သီချင်းတွေနဲ့ ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ "Melody World" သီချင်းဆိုပြိုင်ပွဲကနေ နာမည်ကြီးအောင်မြင်လာခဲ့တဲ့ ချမ်းချမ်းက တစ်ကိုယ်တော်တေးအယ်ဘမ်တွေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတာကြောင့် အခုလိုအောင်မြင်မှုရလာခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ချမ်းချမ်းက တစ်ဦးတည်းသောချစ်သမီးလေး မြမိုးဂင်္ဂါနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့သမီးလေးကတော့ အမေတူအချောလေးဖြစ်သလို အရမ်းချစ်ဖို့ကောင်းသူလေးလည်း ဖြစ်ပါတယ်။ အကနဲ့ပတ်သက်ပြီးဝါသနာပါတဲ့ မြမိုးဂင်္ဂါလေးက အခုလည်း သီချင်းတွေဖွင့်ပြီး တစ်ယောက်တည်းကနေတာကို မေမေချမ်းချမ်းကဗီဒီယိုလေးရိုက်ပေးထားပါတယ်။
ချမ်းချမ်းက " ကဲ..အိမ်မှာအကသင်တန်းဖွင့်နေပါတယ်..ဒီဆရာမကိုယ်တိုင်သင်ပေးမှာပါ..တစ်ချက်ရှိုး" ဆိုပြီး သမီးလေးရဲ့ဗီဒီယိုလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မြမိုးဂင်္ဂါလေးကတော့ အင်္ဂလိပ်သီချင်းလေးနှစ်ပုဒ်နဲ့ အားရပါးရကနေတာကလည်း တကယ့်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်းသမီးလေး မြမိုးဂင်္ဂါရဲ့ ချစ်စရာအကဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Video Credit-Chan Chan's FB Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။