မင်းသမီးချောလေး ခြူးလေးကတော့ သရုပ်ဆောင်ပိုင်းမှာ ပါရမီပြည့်ဝသလို အရည်အချင်းလည်းရှိတာကြောင့် အချိန်ခဏလေးအတွင်းမှာတင် နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ခြူးလေးက ဇာတ်လမ်းတွဲတွေသာမက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ပင်ကိုယ်စတိုင်လေးကြောင့်လည်း ယောက်ျားလေး၊မိန်းကလေးမရွေး ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc

ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ ခြူးလေးက Tik Tok ကစားရတာကိုဝါသနာပါသူလေးဖြစ်ပြီး မကြာခဏဆိုသလို အပျော်တမ်းဟာသဗီဒီယိုတွေနဲ့ အကဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက သူငယ်ချင်းဖြစ်တဲ့ ထက်အောင်ရှိုင်းနဲ့အတူ ကြော်ငြာရိုက်ကူးရေးပြုလုပ်ရင်း Tik Tok ကစားခဲ့ပါတယ်။ ခြူးလေးနဲ့ ထက်အောင်ရှိုင်းတို့ကတော့ နှစ်ယောက်ပေါင်းပြီး အခွီဗီဒီယိုလေးတွေ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc

Tik Tok Star တွေဖြစ်ကြတဲ့ ခြူးလေးနဲ့ ထက်အောင်ရှိုင်းတို့သူငယ်ချင်းနှစ်ယောက်ကတော့ အတွဲညီညီနဲ့ ဗီဒီယိုလေးတွေကို ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခြူးလေးတို့ရဲ့ဗီဒီယိုလေးတွေက ကြည့်မိသူပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေနိုင်လောက်အောင် အခွီပုံစံလေးတွေနဲ့ ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်အောင်ရှိုင်းနဲ့ ခြူးလေးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Htet Aung Shine's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။