Star Music Production ကနေစင်တင်လိုက်တဲ့ မန္တလေးသားလေး အဆိုတော်ဇွဲပြည့် ကို အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ၊ စာချွန်တော် သီချင်းလေးတွေနဲ့အတူ ပရိသတ်တွေရင်ထဲရောက်လာခဲ့တာပါ။
နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်လာတဲ့ ဇွဲပြည့် ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရုပ်ရှင်ဇာတ်ကားတွေရိုက်နေရပြီဖြစ်ပါတယ်။
လက်တလောမှာတော့ ဇွဲပြည့်တစ်ယောက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ရိုက်ကူးတင်ဆက်မယ့် အပိုင်း(၄၀)ကျော်ရှိတဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် ရှေ့နေ အိုက်တင်တွေ လေ့ကျင့်နေတယ်လို့ သိရပါတယ်။
ဒါရိုက်တာမင်းခိုက်စိုးစံ ရိုက်ကူးမယ့် ဒီဇာတ်လမ်းတွဲမှာ မာကို ပိုင်ဖြိုးသု မေဘရဏီသော် တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပါ။ နောက်ပြီး သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ တေးစီးရီးဖြစ်တဲ့ ခိုလှုံရာ သီချင်းခွေကိုတော့ မေလ(၂၇)ရက်မှာ စတင်ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
ပရိသတ်ကြီး အဆိုတော်ဇွဲပြည့်ရဲ့ သီချင်းလေးတွေကိုကြိုက်ရင် သရုပ်ဆောင်ပိုင်းကိုလည်း အားပေးကြမှာလား။




သတင်းအရင်းမြစ် zwe pyae
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။