ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာပါ။ ပရိသတ်တွေက ခေးလေးကိုသာမကဘဲ သူမရဲ့ သားလေး လွင်ထက်(ခ) Liam လေးကိုပါ အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page
Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page
Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page

ခေးလေးဟာ မကြာခင် သြစတေးလျနိုင်ငံမှာ ကျောင်းပြန်တက်ရတော့မှာဖြစ်တာကြောင့် ရတဲ့အချိန်လေးတွေကို သားလေးနဲ့သာ ဖြတ်သန်း ကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိသားစုနဲ့အတူ ငပလီကမ်းခြေကို အပန်းဖြေခရီး သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမတို့ မိသားစုရဲ့ ခရီးသွား ပုံရိပ်လေးတွေဟာ လည်း ပရိသတ်တွေ မချစ်ပဲမနေနိုင်အောင်ကို ဖြစ်ခဲ့ရတာပါ။  

Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page
Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page
Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page

အခုမှာလည်း ခေးလေးရဲ့ မိခင်ဖြစ်သူ အန်တီမေသူရဲ့ Instagram Stories မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Tik Tok ကစားနေတဲ့မေမေနဲ့တီတီကိုနောက်ကနေလိုက်နှောင့်ယှက်နေတဲ့ Liamရဲ့ Video လေးပဲ ဖြစ်ပါတယ်။ လီလီလုံးလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို ကြည့်ရှုနိုင်ရန် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ပါတယ်နော်။

Source and Photo Credit - May Thu's Instagram Stories and Yunwaddy Lwin Moe's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။