သရုပ်ဆောင်ဘက်တွင် အောင်မြင်ရုံသာမကဘဲ အဆိုဘက်မှာလည်း ပါရမီရှိသူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး ဟိန်းဝေယံပဲ ဖြစ်ပါတယ်။ သူရဲ့ စမတ်ကျကျဝတ်ဆင်တတ်တဲ့ ဖက်ရှင်လေးနဲ့ ခန့်ညားတည်ကြည်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေက မကြွေဘဲကို မနေနိုင်အောင်ပါပဲနောိ။ သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာလည်း အပြစ်ပြောစရာမရှိအောင်ကို ထူးခြားကောင်းမွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account

လတ်တလောမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဟိန်းဝေယံဟာ မိဘနှစ်ပါးစလုံးကို သိတတ်ရုံသာမကဘဲ အလှူအတန်းများလည်း မကြာခဏပြုလုပ်တတ်သူဖြစ်တာကြောင့် ပရိသတ်တွေက မချီးကျုးပဲ မနေနိုင်အောင်ပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိသူပါ။

Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account

အခုမှာလည်း ယနေ့ချိန်ထိတိုင်အောင် နာမည်ကြီးဆဲ သီချင်းတစ်ပုဒ်ဖြစ်တဲ့ " မင်းလေးကို ချစ်လို့ " ဆိုတဲ့ သီချင်းလေးကို ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကို အဆိုတော် သရုပ်ဆောင် ဒွေးကသီဆိုထားတာပဲဖြစ်ပြီး ဟိန်းဝေယံကလည်း " KTV ရောက်တုန်း အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ဟဲထားတာ

သည်းခံပေးပါဗျာ " ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Hein Wai Yan’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။