MUFLရဲ့ queenလေးအဖြစ်နဲ့ ရေပန်းစားလူသိများလာခဲ့ပြီး ယခုဆိုရင်အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်တဲ့ နော်ဖောအယ်ထားကို ပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကြော်ငြာများ music videoများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။ နော်ဖောဟာ လတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်လာတာဖြစ်ပါတယ်။


မကြာသေးမီက နော်ဖော်အယ်ထားဟာသူမရဲ့facebookစာမျက်နှာတွင် "အိမ်ကိုနည်းနည်းလေးတော့ လွမ်းနေသလိုလိုဖြစ်နေပါပြီ" ဆိုတဲ့captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ ဘောင်းဘီအတိုအဖြူလေးကို၀တ်ဆင်ထားပြီး ကျောပြင်လေးကိုလည်း အထင်းသားမြင်ရစေနိုင်တဲ့ အင်္ကျီလေးကိုလည်း၀တ်ဆင်ထားပါတယ်။


နော်ဖောပါ၀င်သရုပ်ဆောင်ထားတဲ့မျှော်နေမယ်ဆောင်း music videoလေးဟာလည်းပရိတ်သတ်တွေကြားမှာရေပန်းစားလျက်ရှိပါတယ်။ ပရိတ်သတ်ကြီးရော နောဖောလေးကိုအားပေးကြမယ်မလား။ ဖြူဖွေးနုဖတ်ပြီးချစ်စရာကောင်းနေတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။


Source-Naw Phaw Eh Htar's Facebook acc
Photo Credit-Naw Phaw Eh Htar's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။