MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကိုရရှိကာ အနုပညာလမ်းကြောင်းမှာအောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူလေးကတော့ မင်းသမီးချေားလေး နန်းစန္ဒာလှထွန်းပဲဖြစ်ပါတယ်။ သူမက အေးချမ်းလှပတဲ့ အပြုံးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောဆိုပုံလေးတွေကြောင့် ပရိသတ်တွေက အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Forever Groupက ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲအတော်များများမှာလည်း ပီပြင်စွာ သရုပ်တက်တာကိုလည်းတွေ့ရပါတယ်။


အခုလက်ရှိမှာလည်း "ကျွန်တော် အမုန်းဆုံး ကျွန်တော် "ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ ပွဲအခမ်းအနားတွေ တက်ရောက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ နန်းလေးက" မြန်မာဝတ်စုံ ဝတ်ရတာကြိုက်တဲ့ မောင့်ချစ်သူပါ .."ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ အသားရည်နဲ့ လိုက်ဖက်လွန်းတဲ့ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားထားတာပဲဖြစ်ပါတယ်။


ချစ်စရာကောင်းပြီး ရိုးသားဖြူစင်တဲ့ တိုင်းရင်းသူလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းကို ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ နန်းလေးရဲ့ နန်းဆန်ဆန်လှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကိုကြည့်ပြီးအသည်းလေးတွေပေးဖို့ မမေ့ပါနဲ့အုန်းနော်...။




Source & Photo Credit; Nan Sandar Hla Tun's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။