မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ ကြော်ငြာလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သလို ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့လည်း ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် သံသာမိုးသိမ့်က ''ကျွန်မကမဟေသီ'' ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သံသာမိုးသိမ့်က ''မိန်းမချော'' ဆိုတဲ့နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သံသာမိုးသိမ့်က ဇာတ်လမ်းတွဲလေးတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာဖြစ်ပါတယ်။ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သံသာမိုးသိမ့်က သူမရဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း သံသာမိုးသိမ့်က ရေကန်ထဲမှာ ရေချိုးနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ''သဘာဝရဲ့အိုအေစစ်လေး''ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။
သံသာမိုးသိမ့်ကတော့ ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှရက်လွန်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ညို့အားပြင်းပြင်း ပုံရိပ်လေးတွေက အရမ်းကိုထိမိပြင်းရှပြီး ပုရိသတွေရဲ့စိတ်ဘဝင်ကို လှုပ်ခတ်စေနိုင်လောက်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ရေကန်ထဲက အမိုက်စားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit- Than Thar Moe Theint's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။