ပရိသတ်ကြီးရေ အကယ်ဒမီဆုတွေအများကြီးပိုင်ဆိုင်ခဲ့တဲ့ ဝါဝါ၀င်းရွှေဟာဆိုရင် အနုပညာအလုပ်တွေကိုဟိုးအရင်ခေတ်ကတည်းကလုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရရှိထားတာဖြစ်ပါတယ်။ဝါဝါ၀င်းရွှေက ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ အနုပညာလောကမှာ ဝါရင့်မင်းသမီးကြီးတစ်လက်အဖြစ်ရပ်တည်နေတာပါနော်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေဆဲဖြစ်တဲ့ ဝါဝါ၀င်းရွှေကို ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံ နေကြဆဲပဲဖြစ်ပါတယ်။
ဝါဝါ၀င်းရွှေပါဝင်သရုပ်ဆောင်ထားတဲ့ ရှေးခေတ်ကဇာတ်ကားကြီးတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့ရင်ထဲကို ဒီနေ့အထိစိုးမိုးထားနိုင်ဆဲဖြစ်ပါတယ်နော်။သူမတူတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းလှလှလေးကလည်း ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်တွေကဝါဝါ၀င်းရွှေရဲ့အလှအပတွေကို အရမ်းသဘောကျခဲ့ရတာပါနော်။အခုချိန်ထိတိုင်လည်း လှပနုပျိုနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း ဝါဝါ၀င်းရွှေရဲ့အလှအပတွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။
လက်ရှိမှာဆိုရင်တော့ ဝါဝါ၀င်းရွှေက မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ငပလီကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့အပန်းဖြေနေတာပါ။အခုဆိုရင်တော့ဝါဝါဝင်းရွှေက လွန်ခဲ့သောနှစ်၄၀က ငပလီကမ်းခြေကိုရောက်ရှိခဲ့တဲ့ ပုံဟောင်းလေးတစ်ပုံကို မျှဝေလာတာဖြစ်ပါတယ်။ခေတ်အဆက်ဆက်ပြောင်းသွားပေမယ့် အလှတွေမပြောင်းလဲသွားလဲ နုပျိုလှပနေတဲ့ ဝါဝါ၀င်းရွှေရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Wa Wa Win Shwe's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။