လွှမ်းပိုင်ဟာဆိုရင် ဂီတလောကမှာတင်မဟုတ်ပဲ သရုပ်ဆောင်ဘက်မှာပါ ပရိသတ်တွေရဲ့အားပေးခြင်းကိုရရှိနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်ပြီး နိုင်ငံကျော်rapperတစ်ဦးဆိုလည်းမှားမယ်မထင်ပါဘူးနော်။လွှမ်းပိုင်ဟာ အခုလတ်တလောမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ တစ်နေ့တာ Vlog လေးတွေ ပုံလေးတွေကို နေ့တိုင်းလိုလိုတင်ပေးနေပါတယ်။
မကြာသေးမီက လွှမ်းပိုင်ဟာသူ့ရဲ့facebookစာမျက်နှာတွင် "1989 ခုနှစ်မှာမွေးလာတည်းကမင်းကိုချစ်ဖို့အတွက်ဆိုတာ သဘောပေါက်"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။captionတစ်ပေါက် လျှမ်းလျှမ်းတောက်ပါပဲနော်။ဒါ့ပြင် လွှမ်းပိုင်ဟာ fashionကျကျ၀တ်ဆင်ထားပြီး မိန်းကလေးပရိတ်သတ်တွေကြွေသွားစေနိုင်တဲ့အမိုက်စားပို့စ်တွေလည်းပေးနေတာဖြစ်ပါတယ်။
လွှမ်းပိုင်ဟာ ယခုလတ်တလောတွင်မျှော်နေမယ်ဆောင်း music videoလေးတစ်ခုထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်တွေကြားမှာရေပန်းစားအကြိုက်တွေ့လျက်ရှိပါတယ်။ပရိတ်သတ်ကြီးရော လွှမ်းပိုင်ကိုအားပေးကြမယ်မလား။အမိုက်စားပို့စ်တွေနဲ့ ဖက်ရှင်ကျနေတဲ့ဘိုပိုင်ကြီးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-Hlwan Paing's Facebook page
Photo credit--Hlwan Paing's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။