ပရိသတ်ကြီးရေ.. မေမေထရေဇာလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော်ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချော ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ အသည်းတွေကို အခိုင်အမာ သိမ်းပိုက်ခြွေယူထားသူပဲ ဖြစ်ပါတယ်နော်..။
အောင်မြင်တဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးလေး နှစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ထားပေမယ့် တစ်သားမွေးတစ်သွေးလှလွန်းနေတာကြောင့် ခေးမေမေလို့တောင် ထင်ရက်စရာ မရှိသူလေးပါပဲနော်..။





ချစ်စရာကောင်းပြီး ကျော့ရှင်းစွာ အမြဲလှနေတဲ့ ပရိသတ်အချစ်တော်လေး ချစ်သုဝေကတော့ အခုတစ်ခါမှာလည်း လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်စွာ ဓာတ်ဖမ်းခဲ့ပါတယ်နော်..။
ကလေးမေမေလို့တောင် မထင်ရလောက်အောင် နုပျိုမှုတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ ချစ်စရာကောင်းနေတဲ့ မေမေထရေဇာရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမှာပါနော်..။
ပျော်ရွှင်ခုန်ပေါက်ကာ အမိုက်စားလေး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ မျှဝေထားသေးတာလေးကလည်း တကယ်ကို ချစ်စရာလေးပါပဲနော်..။





"My Life
My Rule
ရိုက်ချင်တာတွေ ရိုက်ထားပါ၏
သည်းခံတော်မူကြပါကုန်!!!
This is 'ME'.." ဆိုပြီး လွတ်လပ်ပေါ့ပါးစွာ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားမို့ မေမေထရေဇာလေးကို အသည်းလေးတွေ ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။





Source & Photo Credit - Chit Thu Wai's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။