မင်းသမီးချောလေး စံရတီမိုးမြင့်က နာမည်ကြီးအနုပညာရှင်တွေတစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ စတင်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကြည်လင်ဝင်းပတဲ့ အသားအရေလှလှလေးကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ မျက်နှာလေးကလည်း ပြစ်မျိုးမှဲ့မထင်အောင် လှနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်က ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ဘာဝတ်ဝတ်တင့်တယ်လှပနေတဲ့ မိန်းမချောလေးတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်နော်။

Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc

စံရတီမိုးမြင့်အနေနဲ့ လက်ရှိမှာ ကြော်ငြာနဲ့ Photo Shooting လေးတွေအဓိကရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နူးညံ့စိတ်ထားအလှပိုင်ရှင်လေး စံရတီမိုးမြင့်က အခုလည်း ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးထံမှာ နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ စံရတီမိုးမြင့်နဲ့အတူ နေရွှေသွေးအောင်၊ မိတ်ကပ်လင်းလင်းတို့ကလည်း အတူတူပါဝင်ပြီး ကုသိုလ်ပြုလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc

စံရတီမိုးမြင့်က ''ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်. မြင်သောသူ ကြားသောသူများအားလုံးကုသိုလ်ထပ်တူထပ်မျှရကြပါစေ...ဤကောင်းမှုသည် နိဗ္ဗာန်ချမ်းသာရောက်ရာရောက်ကြောင်းအတွက် အထောက်အပံ့ဖြစ်ပါစေ'' ဆိုပြီး လူမှုကွန်ယက်မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သာဓုခေါ်ချင်စရာကောင်းတဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်ရဲ့ အလှူပြုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- San Yati Moe Myint's FB Acc

Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc
Photo Credit- San Yati Moe Myint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။