သီချင်းတိုင်းကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်သူကတော့ အဆိုတော်မလေး နီနီခင်ဇော်ပဲ ဖြစ်ပါတယ်။ သူမဟာ Melody World သီချင်းဆို ပြိုင်ပွဲ မှတစ်ဆင့် ဂီတလောကကို ဝင်ရောက်လာသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အသည်းကွဲ သီချင်းလေးတွေဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ အမြဲထပ်တူကျနေတာလည်း ဖြစ်ပါတယ်။



မကြာသေးခင်ရက်ပိုင်းကလည်း အဆိုတော် X Box နဲ့ အတူသီဆိုထားတဲ့ " ဒို့ခေတ် " ဆိုတဲ့ Music Video လေး ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း " အိမ်မက်ကာရန် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " "အိပ်မက်ကာရန်" အဖွဲ့သားတွေနေ့တိုင်းကြိုးစားနေပုံလေးတွေမျှဝေလိုက် ပါတယ်
အတတ်နိုင်ဆုံးရှိသမျှအားတွေနဲ့
ကြိုးစားပြီး Musical Songs တွေဖန်တီးနေပါတယ်



သီချင်း အပုဒ်၂၀ ပါဝင်မှာဖြစ်ပီး အောင်မြင်ခဲ့တဲ့ သီချင်းအဟောင်း နဲ့အတူ
တေးသီချင်းအသစ်တွေကိုတော့ ဆရာဓိရာမိုလ် ဆရာရွှေဂျော်ဂျော်နဲ့ ဇာတ်ဝင်ခန်းများ ဇာတ်ကောင်များတခုချင်းဆီအလိုက်
နီနီ သီချင်းအသစ် ၇ ပုဒ် ပါဝင်ရေးဖွဲ့ထားပါတယ်....
#အိပ်မက်ကာရန်
#MusicalMyanmar
#PreproductionDays " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အသံမျိုးစုံလုပ်နိုင်သူ မင်းသားချောလေးနေတိုးနဲ့အတူ သီချင်းတိုက်နေတဲ့ နီနီခင်ဇော်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Credit - Ni Ni Khin Zaw’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။