အဆိုတော်မလေးဖြစ်တဲ့ Bobby Soxerကတော့ ပရိသတ်တွေထဲမှာ မသိသူ မရှိသလောက်ပါပဲနော်။ Rapသီချင်းတွေ အများဆုံးသီဆိုပြီး သီဆိုခဲ့တဲ့ သီချင်းအတော်များများကိုလည်း သူမကိုယ်တိုင်ရေးသားထားတာပဲဖြစ်ပါတယ်။

အဆိုတော် လွှမ်းပိုင်နဲ့လည်း ဆယ်စုနှစ်တစ်ခုတိုင် သစ္စာရှိရှိလက်တွဲခဲ့တဲ့ ချစ်သူတွေလည်းဖြစ်လို့ သူမတို့အတွဲကို အားကျနေကြတာပဲဖြစ်ပါတယ်။  

Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account

အခုလက်ရှိမှာ လွှမ်းပိုင်ရိုက်ပေးတဲ့ ပုံလေးတွေကို ထက်ထက်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ "ဂျစ်တီးဂျစ်ကန် ကောင်မလေး၁ယောက် "ဆိုတဲ့ စာသားလေးနဲ့ အတူ ဖက်ရှင်အလန်းလေးကို ဝတ်ဆင်ကာ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ဓါတ်ဖမ်းထားတာပဲဖြစ်ပါတယ်။ နှုတ်ခမ်းလေးကို ဆူကာ ပိုစ့်မျိုးစုံပေးနေတဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ရင်း အသည်းယားလာမှာ အမှန်ပါပဲနော်။

Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account

ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကလည်း သူ့ကောင်မလေးလှစေဖို့ နေရာသေချာရွေးချယ်ကာ စိတ်ရှည်လက်ရှည်ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။ သူတို့အတွဲလေးက တကယ်ကို သာယာပျော်ရွှင်ပြီး နွေးထွေးတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာလမ်းကြောင်းမှာလည်းအောင်မြင်မှုများစွာ သိမ်းပိုက်ထားသူတွေဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေကြမှာ အမှန်ပါပဲနော်။ ထက်ထက်ရဲ့ စတိုင်အလန်းလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်......။ 

Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account
Photo Credit; Bobby Soxer's FB account

Photo Credit; Bobby Soxer's FB account

Source; Bobby Soxer's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။