မင်းသမီးချောလေး ဖြူဖြူထွေးကတော့ မျက်နှာလေးကချစ်စရာကောင်းသလို စိတ်သဘောထားလေးကလည်း ဖြူစင်နူးညံ့သူလေး ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဟန်ဆောင်မှုကင်းကင်းနေထိုင်တတ်တဲ့ ဖြူဖြူထွေးရဲ့ပင်ကိုယ်စတိုင်လေးကိုက ပရိသတ်တွေကိုကြွေစေနိုင်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက တက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာကလည်း ယနေ့အချိန်အထိ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ရင်း မိဘကိုလုပ်ကျွေးပြုစုနေတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာလေးတွေ အဆက်မပြတ်ရိုက်ကူးနေရသလို ခရီးတွေလည်း ထွက်နေတာ ဖြစ်ပါတယ်။ အကနဲ့ပတ်သက်ရင်ထူးချွန်တဲ့ ဖြူဖြူထွေးက အခုလည်း ကုလားသီချင်းလေးတစ်ပုဒ်နဲ့ Tik Tok ကစားပြလိုက်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက မိတ်ကပ်ဆူးနဲ့နှစ်ယောက်ပေါင်းပြီး ကုလားတီးလုံးလေးအတိုင်း အပီအပြင်ကပြလိုက်တာပဲ ဖြစ်ပါတယ်။ သီချင်းလေးဆိုပြီး ကကွက်ဆန်းတွေနဲ့ ကွေးနေအောင်ကပြထားတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေလောက်အောင် ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ Tik Tok အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc 

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။