ပရိသတ်ကြီးရေ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးကတော့ ဝါသနာတူ အလုပ်တူတဲ့ ချစ်စရာစုံတွဲလေးပဲဖြစ်ပါတယ်။လွှမ်းပိုင်တို့စုံတွဲလေးက လူငယ်တွေကြားမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေလည်းဖြစ်သလို အားကျစရာစုံတွဲလေးလည်းဖြစ်ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေကြပြီး လွှမ်းပိုင်တို့ချစ်သူနှစ်ယောက်က တစ်ယောက်အလုပ်ကိုလည်း တစ်ယောက်က ကူညီပေးကြပါတယ်နော်။



လွှမ်းပိုင်နဲ့Bobby Soxerတို့ စုံတွဲလေးက အေးအတူပူအမျှနဲ့ ချစ်လာကြတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး ယနေ့ထိတိုင် အချစ်တွေကနည်းနည်းလေးမှမလျော့သွားဘဲ ပိုပိုချစ်လာကြတာဖြစ်ပါတယ်။လွှမ်းပိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေသလို သီချင်းအသစ်လေးတွေကိုလည်း ကြိုးစားဖန်တီးနေတာဖြစ်ပါတယ်။Bobby Soxerကလည်း တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေပါတယ်။


လွှမ်းပိုင်တို့ ချစ်သူနှစ်ယောက်က ပွဲအခမ်းအနားတွေကိုဆိုရင်လည်း အတူတူတက်ရောက်ကြပြီး ကြည်နူးမှုအပြည့်နဲ့လက်တွဲမဖြုတ်ကြပါဘူးနော်။အခုဆိုရင်လည်း Myanmar Chocolate Weeks 2020 ပွဲလေးကို လွှမ်းပိုင်နဲ့Bobby Soxerတို့က အတူတူတက်ရောက်လာကြပြီး Chocolate တွေမြည်းစမ်းနေတဲ့ ချစ်သူလေးကို ဓာတ်ပုံတွေရိုက်ပေးနေတာဖြစ်ပါတယ်။လွှမ်းပိုင်တို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။



Photo Credit:MG Mike
Source:Hlwan Paing's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။