ရွှေကြိုမှတစ်ဆင့် အနုပညာလောကို ဝင်ရောက်လာသူလေးကတော့ သရုပ်ဆောင် သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေးပဲ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက ချစ်နေရတာပါ။ သူမရဲ့ အသားအရည်လေးဟာလည်း ကိုရီးယားမင်းသမီးလေး ထင်မှတ်မှားရလောက်အောင် ဖြူဖွေးဥလွန်းတာကြောင့် ပုရိသတွေက တစ်ခဲနက် ဝန်းရံအားပေးကြတာလည်း ဖြစ်ပါတယ်။



သဲဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း မိသားစုနဲ့အတူ ချောင်းသာကမ်းခြေကို အပန်းဖြေရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Tik Tok Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ သူငယ်ချင်းတွေ ဖြစ်တဲ့ မင်းခန့်ကိုတို့အမြွှာညီအစ်ကို ၊ အကိုဖြစ်သူ နေရဲတို့နဲ့အတူ အခွီ Tik Tok လေးတွေ ဆော့ကစားထားကြတာပဲ ဖြစ်ပါတယ်။ သဲကတော့ " အဖွဲ့လိုက် Tik Tok ဆော့သောအခါ " ဆိုပြီး တင်ထားတာပါ။ ဒီဗီဒီယိုလေးထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားထားကြတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။
Source and Photo Credit - Thazin Htoo Myint's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။