မင်းသမီးချောလေး မယ်လိုဒီကတော့ မျက်နှာလေးကလည်း သဘာဝအတိုင်း ချောမောလှပသလို အသားအရေလေးကလည်း ဖြူဖွေးဝင်းဥနေသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း မယ်လိုဒီက ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကိုပါ တစ်ခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အပျိုဘဝကတည်းက သွယ်လျလှပခဲ့တဲ့မယ်လိုဒီက ကလေးတစ်ယောက်အမေဖြစ်သွားသည့်တိုင်အောင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit- Melody Myo's FB Acc
Photo Credit- Melody Myo's FB Acc
Photo Credit- Melody Myo's FB Acc

သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက တစ်သားမွေးတစ်သွေးလှလို့ ဆိုနိုင်လောက်အောင်ကို ပျိုမျစ်နုနယ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီက နိုင်းနိုင်း၊ခါရာ၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ရိုက်ကူးရေးပြုလုပ်ရင်း Shopping လည်းထွက်နေတဲ့ မယ်လိုဒီက သူမရဲ့ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်။

Photo Credit- Melody Myo's FB Acc
Photo Credit- Melody Myo's FB Acc
Photo Credit- Melody Myo's FB Acc

မယ်လိုဒီက "မိုးတွေရွာ shooting နား shopping ထွက် အစားတွေစား မင်းကိုလွမ်း ချာတိတ်ကိုချစ်တဲ့မ " ဆိုပြီး အဝါရောင်ဖက်ရှင်လေးနဲ့လှနေတဲ့ ပုံလေးတွေကိုတင်လိုက်တာ ဖြစ်ပါတယ်။ နုပျိုစိုပြေလွန်းတဲ့ အသားအရေလေးနဲ့ မယ်လိုဒီကတော့ အားလုံးငေးရလောက်အောင်ကို ညို့အားပြင်းပြင်းနဲ့လှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မယ်လိုဒီရဲ့အလှပုံရိပ်လေးနဲ့အတူ ဗီဒီယိုဖိုင်လေးကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Melody Myo's FB Story 

Photo Credit- Melody Myo's FB Acc
Photo Credit- Melody Myo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။