နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော် အုပ်စိုးခန့်ဟာ အသံသာကောင်းရုံသာမကပဲ မိန်းကလေးတွေကြွေကျစေလောက်တော့ရုပ်ရည်မျိုးပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာ “ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ” ဆိုတဲ့သီချင်းလေးမှတစ်ဆင့် ဂီတလမ်းကြောင်းကို စတင်ဝင်ရောက်လာသူပါ။ သူဟာ ကိုယ်တိုင်းရေးတဲ့ သီချင်းတွေကိုMTV လေးတွေစတင်ရိုက်ကူးရာမှတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page

သူဟာ ပရိသတ်တွေကိုအမြဲတမ်းစေတနာထားကာ သီချင်းကောင်းကောင်းလေးတွေအမြဲထွက်ရှိနိုင်အောင် ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိဘတွေကိုသိတတ်လိမ္မာလွန်းတဲ့ သားလိမ္မာလေးတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လတ်တလောမှာတော့ ထိုင်းနိုင်ငံမှာ ကြော်ငြာရိုက်ကူးရန် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page

အခုမှာလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံလေးတွေ တင်ထားတာပါ။ ဒါကတော့ " တကယ်ကိုမထင်ထားပဲ ထိုင်းနိုင်ငံကကွေကာအုပ်

လေးတွေရှိတာ အခုမှပဲသိတော့တယ်....

အရမ်းပျော်ပီးဝမ်းသာမိတယ်ဗျာ

ฉันรักประเทศไทยมาก

#thailand #bangkok #fans" ဆိုပြီး ​ရေးသားထားတာပဲ ​ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြန်မာနိုင်ငံတွင်သာမကဘဲထိုင်းမလေးတွေရဲ့ ဝန်းရံအားပေးမှုကြောင့် ဝမ်းသာကြည်နူးခဲ့ရတဲ့ အုပ်စိုးခန့်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Oak Soe Khant’s Facebook Page

Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page
Photo Credit - Oak Soe Khant’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။