ပရိသတ်ကြီးရေ.. အနုပညာလောကမှာ စွယ်စုံရမင်းသားတစ်လက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြုထားကြပြီး ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဆယ်လီမင်းသားချောကတော့ နေတိုးပဲ ဖြစ်ပါတယ်နော်..။

ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့အပြင် ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ပိုင်နိုင်ပီပြင်လွန်းပြီး ဇာတ်ဝင်ခန်းအတွက် မိတ်ကပ်ပြင်ဆင်မှုတွေ၊ ပန်းချီဆွဲခြင်းနဲ့ အခြားအနုပညာနယ်ပယ်တွေမှာလည်း ဘက်စုံတော်တဲ့အတွက် ပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းတွေကပါ လေးစားချစ်ခင်ကြသူလည်း ဖြစ်ပါတယ်နော်..။


ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ နေတိုးကတော့ လတ်တလောမှာလည်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Musical Drama ရုပ်ရှင်ကားကြီးဖြစ်တဲ့ “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် နီနီခင်ဇော်နဲ့အတူ အကတိုက်နေပါတယ်နော်..။

ဇာတ်ဝင်ခန်းအတွက် ပင်ပင်ပန်းပန်း အကတိုက်နေတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း “အကတိုက်” ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ နေတိုးက ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။


Photo Credit - အိပ်မက်ကာရန် Facebook Page
Photo Credit - နေတိုး Facebook Account

လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့အတူ ရိုက်ကူးသရုပ်ဆောင်သွားတဲ့ “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် နီနီနဲ့အတူ အတွဲညီညီနဲ့ ပင်ပင်ပန်းပန်း အကတိုက်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ နေတိုးရဲ့ အသည်းကျော်ပရိသတ်တွေအတွက် လိုက်ဖက်ညီညီ အကတိုက်နေကြတဲ့ နေတိုးနဲ့ နီနီတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - နေတိုး Facebook Account
Photo Credit - နေတိုး Facebook Account

Photo Credit - နေတိုး Facebook Account & အိပ်မက်ကာရန် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။