ပရိသတ်ကြီးရေ… မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ ထိုင်းမင်းသမီးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေအားလုံးက အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ သူမအနေနဲ့ အချိန်တစ်ခုထိ အနုပညာအလုပ်တွေရပ်နားလိုက်တဲ့ အကြောင်းလေးကို ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။


Photo Credit - Angel Lamung's Facebook Account
Photo Credit - Li John Photography

ယုံကြည်ချစ်ခင်တဲ့လူက နောက်ကျောကို ဓားနဲ့ ထိုးတာခံလိုက်ရလို့ ရင်ထုမနာဖြစ်ပြီး စိတfဓာတ်တွေကျကာ ဘာမှမလုပ်ချင်တော့ဘဲ အနုပညာအလုပ်တွေအပြင် ချစ်တဲ့အရာတွေကိုလည်း စွန့်လွှတ်ချင်စိတ်ဖြစ်လောက်အောင် စိတ်ဓာတ်ကျသွားခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ကိုယ့်သူငယ်ချင်းထဲက ကိုယ့်အသိထဲက အဲ့လိုလုပ်သွားတော့ ရင်ထုမနာဖြစ်ကာ အရမ်းဝမ်းနည်းသွားပြီး အရမ်းဝမ်းနည်းတာတွေများတဲ့အချိန်မှာ စိတ်နာသွားခဲ့တာ ဖြစ်တဲ့အကြောင်းလေးကို ပြောပြထားတာပါ..။


Photo Credit - Li John Photography
Photo Credit - Angel Lamung's Facebook Account

အဲ့ဒီလိုစိတ်ဓာတ်ကျသွားတဲ့အချိန်မှာ မိသားစုနဲ့ အပြင်က သူငယ်ချင်းတွေအပြင် ချစ်တဲ့လူတွေ ရောက်လာပြီး အားပေးကြတဲ့အချိန်မှာ အားတက်ကာ အကောင်းဆုံးပြန်ကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ခဲ့တာပါ ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

လူတစ်ယောက်ရဲ့ ဘဝကို စိတ်နာသွားရလောက်တဲ့အထိ တော်ရုံမမုန်းတတ်သလို စိတ်နာသွားပြီဆိုရင် အဲ့လူကို အပြုံးနဲ့တော့ ဆက်ဆံပေးနိုင်ပေမယ့် စိတ်ထဲမှာတော့ လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး ဆိုပြီး ပြောပြထားတဲ့ အိန်ဂျယ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Angel Lamung's Facebook Account
Photo Credit - Angel Lamung's Facebook Account

Photo Credit - Angel Lamung's Facebook Account & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။