မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ ပုရိသတွေကြွေလောက်စရာကောင်းတဲ့ အမိုက်စားခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဖွံ့ထွားတင်းရင်းတဲ့ အမိုက်စားကောက်ကြောင်းအလှတွေပေါ်လွင်နေတဲ့ ဖက်ရှင်လေးနဲ့ gymဆော့ကစားနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အကြွေကြီး ကြွေစေခဲ့ပါတယ်။



သူမကတော့ " သင်ဇာ new year ကတည်းက အရမ်းပင်ပန်းထားတာ… ဒီလကနေ တောက်လျှောက် အလုပ်တွေကလဲ ရှိနေတော့… ခန္ဓာကိုယ်ကိုလဲ အနားပေး…. အားသစ်မွေးဖို့ လိုအပ်ပေမဲ့ အချိန်က သိပ်မရ… staycation လေးသွားဖို့ စဉ်းစားမိတယ်… အနည်းဆုံးတော့ စိတ်အပန်းဖြေမယ်ပေါဒါပေမဲ့ Sofitel က wellness package ကိုတွေ့တော့ အတော်လေး စိတ်ဝင်စားသွားတယ်… meditation, fitness, yoga, spa ပါ ပါတဲ့အပြင် wellness meal plan ပါ ပါတယ်organic ပစ္စည်းတွေနဲ့ပဲ ပြင်ဆင်ထားတာပါတဲ့… ဟိုတယ်မှာလဲ organic စိုက်ခင်းတွေ တွေ့ခဲ့တယ် " ဆိုပြီး ရေးသားထားပါတယ်။



သူမကတော့ " သင်ဇာက ရှမ်းပြည်ကို အရမ်းကြိုက်တာ… ရာသီဥတုကလဲ အေးတယ်… အင်းလေးကန်ကြီးပေါ်မှာ တောင်တန်းတွေလဲမြင်ရ အင်းလေးကန်ကြီးကလဲလှ… စိတ်ပင်ပန်းတာတွေ အလိုလို ပြေလျော့သွားတယ်လို့ခံစားရတယ်သင်ဇာ သူတို့ ပေးထားတဲ့ session တွေ အကုန်လိုက်လုပ်ကြည့်တယ်တကယ်စိတ်ရော ကိုယ်ရော လန်းဆန်းသွားသလို ခံစားရပြီး… Spa လဲ ဝင်လိုက်တော့ အိပ်လို့လဲကောင်းပြီး အနားလဲရတယ်လို့ ခံစားရတယ်wellness staycation ဆိုတာ spa ပဲ မဟုတ်ပဲ တကယ် သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေပါ ထည့်ထားပေးတာမို့ recommended ပါ… ကျန်းမာရေးလိုက်စားသူတွေမှ မဟုတ်ပဲ တကယ် total relaxation ရှာနေသူတွေ အတွက်ပါ သင့်တော်ပါတယ်… သွားသင့်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။
source: Thin Zar Wint Kyaw 's facebook account





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။