ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4မှာ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်လာခဲ့သူပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ သူမက ရုပ်ရှင်ဇာတ်ကားတွေ၊ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေပြီး ပွဲအခမ်းအနားတော်တော်များများကိုလည်း တက်ရောက်နေတာပဲဖြစ်ပါတယ်။


မေမြင့်မိုရ်က အေးချမ်းတဲ့ အလှကို ပိုင်ဆိုင်ထားပြီး အသားအရည်ကလည်း ပြစ်ချက်မရှိလှပတာကြောင့် ပုရိသယောကျာ်းလေးတွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ သူမရဲ့ ပရဟိတစိတ်ဓာတ်လေးတွေကြောင့်လည်း လူချစ်လူခင်ပေါများနေတာဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။


အခုလည်း သူမက "အကွာအဝေးနဲ့ပတ်သတ်ရင် ကြောက်ဖို့အကောင်းဆုံးက သူကိုယ့်ကိုသတိရနေလား မေ့နေပြီလားဆိုတာမသိရခြင်းပဲ..." ဆိုတဲ့ လွမ်းစရာစာလေးနဲ့အတူ နှင်းဆီပန်းလေးကို တစိမ့်စိမ့်ကြည့်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှ တဆင် မျှဝေထားတာပဲဖြစ်ပါတယ်။ အေးချမ်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။



Photo Credit. May Myint Mo's FB
Source.May Myint Mo's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။