အဆိုတော်မလေး မိစန္ဒီကတော့ သီချင်းအလန်းစားလေးတွေကို အမြဲသီဆိုတက်ပြီး သူမက ကိုယ်တိုင်သီချင်းတွေလည်းရေးနေတာကြောင့် ပရိသတ်တွေက မှတ်မိနေတာ အသေအချာပါပဲနော်။ သူမရဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်တွေ အကြိုက်တွေ့တာကြောင့် ရေပန်းစားလူကြိုက်များတာကိုလည်း တွေ့ရပါတယ်။ အခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲတွေဆက်တိုက်တက်ရောက်နေတာဖြစ်ပြီး မကြာသေးမီက သူမရဲ့ သူငယ်ချင်း နီနီခင်ဇော်နဲ့ တွဲဖက်ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေကို မျှဝေထားတာကိုလည်း တွေ့ရပါတယ်။ 

Photo Credit;Mi Sandi's FB

သူမက ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်ကို အမြဲတင်ဆက်နေပြီး အချစ်တွေကို အခိုင်အမာအရယူနေတာလည်းဖြစ်ပါတယ်။ အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ အပျိုကြီး ဘဝနဲ့ ရှိုးထုတ်နေရတာလည်း သူမရဲ့ အားသာချက်တစ်ခုလို့ ပရိသတ်တွေက ဝေဖန်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ အခုလည်း သူမက " ကျွန်မက အပျိုကြီး ဒါပေမယ့် အေးဆေးပဲ"ဆိုပြီး စနောက်ကာ သူမရဲ့ ချစ်စရာကောင်းအောင် ဓါတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။

Photo Credit;Mi Sandi's FB
Photo Credit;Mi Sandi's FB

My Boo လေးဝတ်ပြီး တို့လို အထာကျကျ single ဖြစ်ကြောင်းပြပြီး ဈေးဗန်းခင်းပါနော် ဆိုပြီး သူမရဲ့ ပရိသတ်တွေ အချစ်ပိုအောင် ရေးသားထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းပြီး ဈေဗန်းခင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် Myanmarloadမှ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်......။ 

Photo Credit;Mi Sandi's FB
Photo Credit;Mi Sandi's FB

Photo Credit;Mi Sandi's FB

Source;Mi Sandi's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။