ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့သူတစ်ယောက်ပါ။အိန္ဒြာကျော်ဇင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာပါနော်။


အိန္ဒြာကျော်ဇင်ရဲ့ချစ်ပရိသတ်တွေကတော့ သူမအတွက် ၂၀၂၀အကယ်ဒမီပေးပွဲမှာ ဆုရစေချင်ကြတာဖြစ်ပါတယ်။၂၀၁၉နှစ်အတွင်းမှာ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားလည်းရှိပြီး ဇာတ်ကားတိုင်းလိုလိုက အရမ်းကောင်းတာကြောင့် သူမရဲ့ချစ်ပရိသတ်တွေက အကယ်ဒမီမှန်းပေးနေကြတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က အခုလတ်တလောမှာလည်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် အဖွဲ့သားတွေနဲ့အတူ ဘာလီကိုခရီးထွက်သွားဝာာဖြစ်ပါတယ်။



အူဝဲကတော့ အနုပညာနဲ့ပက်သက်ရင် အားသွန်ခွန်စိုက်ကြိုးစားတာဖြစ်ပြီး ပရိသတ်တွေမရိုးသွားအောင်စွမ်းဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပါ။အလှပေါ်အယဉ်ဆင့်တဲ့ အလှအပတွေနဲ့ အမြဲတမ်းနုပျိုနေတဲ့ အူဝဲက မိန်းကလေးချင်းငေးမောရလောက်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ အူဝဲက ဘာလီရဲ့လမ်းမထက်မှာ ပေါ့ပါးလွတ်လပ်စွာပျော်ရွှင်နေပြီး Night Out ထွက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source&Photo Credit:Eaindra Kyaw Zin's Facebook Account
Video Credit:Eaindra Kyaw Zin's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။