ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ ပရိသတ်တွေချစ်ရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့ချိန်ထိတိုင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့ အသက်အရွယ်တွေတဖြည်းဖြည်းကြီးလာပေမယ့် တစ်ခေတ်တစ်ခါတုန်းကလို နုပျိုတဲ့အလှအပတွေကိုပိုင်ဆိုင်ထားပြီး အရွယ်တင်နေတာပါနော်။လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ စီးပွားရေးတွေကိုလည်း ကြိုးစားလုပ်ဆောင်နေတာပါနော်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ရဲ့သမီးချောလေး မြူလင်းကိုကိုကလည်း မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာကြောင့် သားအမိနှစ်ယောက်ကတော့ မတွေ့ရတာကြာတဲ့အချိန်တွေအတွက် အတိုးချပြီးချစ်နေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း မြူလင်းကိုကိုကို အရုပ်မလေးနဲ့တူလို့ အရမ်းချစ်ကြပြီး သူမကအနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်လည်း ပရိသတ်တွေက အားပေးကြဖို့အဆင်သင့်ပါပဲနော်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

အခုဆိုရင်တော့ လင်းဇာနည်ဇော်တို့မိသားစုက ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုးရဲ့ ၁နှစ်နဲ့၂လပြည့်ကိုရည်စူးပြီး စည်ပင်ကဝန်ထမ်းတွေကို မနက်စာကြာဇံကြော်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်က ခါးနာနေတာကြောင့် မေမေ့ကိုယ်စား သမီးလေးမြူလင်းကိုကိုကပဲ အန်တီချစ်ချစ်ဇော်နဲ့အတူ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တာဖြစ်လို့ ပရိသတ်ကြီးအတွက် သူမတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

Source&Photo Credit:Chit Chit Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။