ပရိသတ်ကြီးရေ အရပ်ရှည်ရှည် ဆံပင်ရှည်လေးနဲ့ စကားပြောချိုသာပြီး ထိုင်းမင်းသားလေးနဲ့ တူတယ်လို့ အများကဝေဖန်ပြောဆိုနေကြပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလေးကတော့ မင်းသားချောလေး ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံထားရသူလေးပဲဖြစ်ပါတယ်။

Photo Credit; Htet Paing Ye photography
Photo Credit; Htet Paing Ye photography

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကိုလည်း မင်းသမီးဝတ်မှုန်ရွှေရည်နဲ့ အတူ လက်ခံရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေကိုလည်း ရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ သူက အားလပ်တဲ့ အချိန်လေးတွေမှာ ခရီးတွေထွက်နေတာဖြစ်ပြီး အခုလက်ရှိ “ရွာငံက ရေပြာအိုင်လေးတောင်ကို ရောက်ခဲ့သေးတယ်”ဆိုပြီး သူရောက်ရှိနေတဲ့ နေရာလေးမှာ ခပ်မိုက်မိုက်ပိုစ့်လေးတွေနဲ့ အတူ ပရိသတ်တွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေထားတာပဲဖြစ်ပါတယ်။  

Photo Credit; Htet Paing Ye photography
Photo Credit; Htet Paing Ye photography

မင်းသားချောလေး ပိုင်တံခွန်က ရုပ်ရည်ချောမောရုံသာမက စိတ်ဓာတ်လေးကလည်း မွန်မြတ်လှပတာကြောင့် သူရဲ့ ပရိသတ်များက ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။ သူက ဆံနွယ်ရှည်လေးနဲ့ အလွန်လိုက်ဖက်ပြီး စမတ်ကျကာ ထိုင်းမင်းသားလေးနဲ့ တူတာကြောင့် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကို ခံရသူပဲဖြစ်ပါတယ်။ သူရဲ့ ရွာငံရောက်နေတဲ့ ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်………။ 

Photo Credit; Htet Paing Ye photography
Photo Credit; Htet Paing Ye photography

Photo Credit; Htet Paing Ye photography

Source; Paing Takhon's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။