ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ အနုပညာအလုပ်တွေကိုအနည်းအကျဉ်းသာလုပ်ဆောင်နေပေမယ့် ပရိသတ်တွေနဲ့မဝေးကွာသွားဘဲ ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေတာဖြစ်ပါတယ်။စမိုင်းလ်က ဘာသာရေးလည်းအရမ်းကိုင်းရှိုင်းတာကြောင့် သူမကိုယ်တိုင်လည်း အဓိဌာန်တွေဝင်သလို သူမကိုချစ်တဲ့ပရိသတ်တွေကိုလည်း အဓိဌာန်ဝင်ဖို့တိုက်တွန်းပြီး အစစအရာရာကိုကူညီထောက်ပံ့ပေးတဲ့သူပါနော်။စမိုင်းလ်ရဲ့စိတ်ထားလေးက မွန်မြတ်ဖြူစင်တာကြောင့် လူအများရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page
Photo Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page

စမိုင်းလ်တို့မိသားစုလေးယောက်လုံးက ဘယ်အရာမဆိုတက်ညီလက်ညီရှိကြပြီး စိတ်တူကိုယ်တူရှိကြလို့ အရမ်းပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါ။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း မိသားစုအပေါ်မှာ လုံခြုံနွေးထွေးတဲ့မေတ္တာတရားတွေကိုပေးပြီး စောင့်ရှောက်ပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လို့ စမိုင်းလ်ရဲ့မိသားစုဘဝလေးကအရမ်းသာယာပါတယ်နော်။အလှူအတန်းတွေလည်းအများအပြားလုပ်တဲ့ စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေကအရမ်းချစ်ကြပြီးအားကျနေရတာဖြစ်ပါတယ်။

hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page

အခုဆိုရင်လည်း စမိုင်းလ်တို့မိသားစုက တရုတ်နှစ်သစ်ကူးအတွက် အိမ်ကိုလာရောက်ပြီး ကပြဖျော်ဖြေတဲ့ တရုတ်နဂါးအကအဖွဲ့ကို မိသားစုဝင်တွေအကုန်လုံးအားပေးကြည့်ရှု့ခဲ့ကြတာဖြစ်ပါတယ်။စမိုင်းလ်က"တရုတ်တော့မဟုတ်ပေမဲ့ တကယ်ကြိုးစားပြီးတော်တဲ့ကလေးတွေကိုအိမ်မှာလာရောက်ကပြဖျော်ဖြေစေခဲ့တယ်။ တကယ်ကြိုးစားပြီးတော်တဲ့ မိုးနဂါးအဖွဲ့ပါ"ဆိုပြီး အရမ်းတော်တဲ့အကအဖွဲ့ကို အိမ်အပေါ်ထပ်ကနေပြီး ပိုက်ဆံတွေလည်းကြဲပြီး ဆုချခဲ့တဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page
hoto Credit:စမိုင်းလ် Smile's Facebook Page

Source&Photo Credit:စမိုင်းလ် Smile's Facebook Page

Video Credit:စမိုင်းလ် Smile's Facebook Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။