ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာဆိုရင်အနုပညာအလုပ်တွေကိုမလုပ်ဆောင်တော့ဘဲ မိသားစုကိုသာအချိန်အပြည့်ပေးနေတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားပြီး အရမ်းချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားလို့ သူမရဲ့မိသားစုဘဝလေးက သာယာနွေးထွေးမှု အပြည့်ပါပဲနော်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

သဉ္ဇာနွယ်ဝင်းရဲ့ သားနဲ့သမီးလေးကလည်း အမေတူလေးတွေဖြစ်လို့အရမ်းချစ်စရာကောင်းကြပြီး အရွယ်ရောက်လာရင်အရမ်းချော‌မယ့် ကလေးလေးတွေပါနော်။ဒီနေ့လေးဟာဆိုရင်တော့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်(၃)နှစ်ပြည့်ဖြစ်သလို သူမမိခင်ရဲ့ မွေးနေ့လေးလည်းဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းကတော့ မေမေ့ရဲ့မွေးနေ့လေးမှာ"Happy birthday mommy အမြဲတမ်းကျန်းမာပျော်ရွှင်ပါစေ"ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

သဉ္ဇာနွယ်ဝင်းတို့ညီအစ်မတွေကတော့ မိခင်ရဲ့မွေးနေ့‌ လေးကို မိသားစုတွေစုံစုံညီညီနဲ့ ပျော်ရွှင်စရာမွေးနေ့ပွဲလေးဖြစ်အောင် ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းတို့ညီအစ်မသုံးယောက်လုံးကလည်း အရမ်းချောကြပြီး ကလေးလေးတွေကိုယ်စီနဲ့ ပျော်စရာကြီးပါနော်။သဉ္ဇာနွယ်ဝင်းတို့မိသားစုရဲ့ စည်းစည်းလုံးလုံးနဲ့အရမ်းပျော်ရွှင်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

Photo Credit:Thinzar Nwewin's Facebook account

Source:Thinzar Nwewin's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။