မင်းသမီးချောလေး ရွှေမှုံရတီကတော့ ငယ်ရွယ်နုပျိုပြီး တစ်မူထူးခြားတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦးဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာတင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တဲ့ ရွှေမှုံရတီက ဇာတ်ကားတွေမှာ ကြိုးစားပမ်းစားသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ ပြောင်မြောက်ထူးချွန်တဲ့ အနုပညာအရည်အချင်းတွေကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

Photo Credit-LI JOHN PHOTOGRAPHY
Photo Credit-Shwe Mhone Yati's FB Acc
Photo Credit-Shwe Mhone Yati's FB Acc

ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူ နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တဲ့ ရွှေမှုံရတီက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက "ကမ်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဘယ်လိုနေနေ လှနိုင်လွန်းတဲ့ရွှေမှုံရတီက အခုလည်း ဆံပင်စတိုင်အသစ်လေးတစ်ခုကို ပြောင်းလဲလိုက်ပြန်ပါတယ် ။

Photo Credit-Shwe Mhone Yati's FB Acc
Photo Credit-Shwe Mhone Yati's FB Acc
Photo Credit-Shwe Mhone Yati's FB Acc

ရွှေမှုံရတီက ဆံပင်အကောက်စတိုင်လေးနဲ့ ပုံစံပြောင်းပြီး အထာကျကျလှနေတဲ့ပုံရိပ်လေးကို "Mood" ဆိုတဲ့ Caption လေးနဲ့အတူ တင်လိုက်တာ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ရွှေမှုံရတီလေးကတော့ အကြည့်တစ်ချက်နဲ့ ညို့ယူဖမ်းစားထားတာလေးကလည်း အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အမိုက်စားပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Shwe Mhone Yati's FB Acc 

Photo Credit-Shwe Mhone Yati's FB Acc
Photo Credit-Shwe Mhone Yati's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။