အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားတာကြောင့် သီချင်းဆိုလိုက်တိုင်းမှာ နားဆင်သူတွေရဲ့ရင်ထဲထိရောက်အောင် သီဆိုနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်တေးအယ်ဘမ်တွေ ထွက်ရှိအောင်မြင်လာခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက လူငယ်ပရိသတ်တွေကြားမှာ သူမရဲ့တေးသီချင်းတွေနဲ့ နေရာယူထားပြီး ရေပန်းစားလူကြိုက်များကာ ရပ်တည်နေတဲ့အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။
ဝိုင်းစုခိုင်သိန်းအနေနဲ့ အခုချိန်ထိလည်း ဂီတလောကမှာဆက်လက်လျှောက်လှမ်းကာ ပရိသတ်တွေအတွက် သံစဉ်အသစ် သီချင်းအသစ်တွေကို ဖန်တီးနေဆဲ ဖြစ်ပါတယ်။ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ဝိုင်းစုတစ်ယောက် အခုလည်း သူမချစ်ရတဲ့မိခင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ချစ်မေမေရဲ့မွေးနေ့ရက်မြတ်လေးမှာ ဝိုင်းစုက မွေးနေ့ဆုတောင်းလေးနဲ့အတူ အမှတ်တရလက်ဆောင်လေးကိုလည်း ပြင်ဆင်ထားတာဖြစ်ပါတယ်။
ဝိုင်းစုက သူမရဲ့မိခင်အတွက် တန်ဖိုးကြီးမွေးနေ့လက်ဆောင်တစ်ခုပေးလိုက်ပြီး " Happy birthday မေကြီး ချစ်တဲ့ မေကြီး ဒီနှစ်မွေးနေ့ကစပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပြီး မေကြီးချစ်တဲ့ သူတွေနဲ့ သက်ရှည်ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေ " ဆိုပြီး ဆုတောင်းစကားဆိုထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဝိုင်းစုခိုင်သိန်းတို့သားအမိနှစ်ယောက်ရဲ့ အမှတ်တရပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit-Wine Su's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။