ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ချစ်မဝဖြစ်နေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားချောလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ လီလီလုံးလေးလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ကြတာပဲဖြစ်ပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း အားလုံးအတွက် အသည်းယားစရာကောင်းလွန်းနေတာပါ။ သားလေးကို ဖေဖေ၊မေမေကသာမကဘဲ ဖိုးဖိုး၊ဖွားဖွားကပါ မျက်စိအောက်က အပျောက်မခံဘဲ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးနေကြတာလည်း ဖြစ်ပါတယ်။



အဖွားဖြစ်သူကလည်း သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုတိုင်းကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတာပါ။ ဖိုးဖိုးနဲ့ဖွားဖွားဟာလည်း တစ်ဦးတည်းသော မြေးလေးဖြစ်တာကြောင့် ချစ်မဝဖြစ် နေရတာပါ။ အခုမှာလည်း ခေးလေးရဲ့ Instagram လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံတင်ထားတာပါ။



ဒါကတော့ မြေးလေးကိုချီထားကာ ရှုခင်းတွေကို အတူကြည့်ရှုနေတဲ့ ဖိုးဖိုးလွင်မိုးရဲ့ ပုံရိပ်လေးပါ။ လီလီလုံးလေးကလည်း ဖိုးဖိုးလက်က မချချင်ရအောင်ကို အသည်းယားစရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Source and Photo Credit - Yunwaddy’s Instagram


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။