သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုလည်း ချစ်ကြတာကြောင့် ပရိသတ်များကပါ  ကြည်နူးအားကျနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သားလေး ကိုကိုးလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ရရှိထားတာပါ။  

Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account

ကိုကိုးလေးဟာ အသက် (၆) လကျော် ပြည့်ပြီပဲဖြစ်ပြီး မကြာသေးခင်ကလည်း သူ့ရဲ့ မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အောင်သူတို့နှစ်ယောက်လုံးဟာလည်း သားလေးကို မျက်စိရှေ့ကနေ အပျောက်မခံနိုင်အောင်ကို ဂရုတစိုက် စောင့်ရှောက်နေကြတာပါ။ သားလေးရဲ့ လှုပ်ရှားမှု ပုံရိပ်လေးနဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှပေးနေတာပါ။  

Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account

အခုတစ်ခါမှာလည်း ပိုးအိအိခန့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ ဖေဖေအောင်သူရဲ့ပေါင်ပေါ်မှာ ပြုံးပြုံးလေးထိုင်နေတဲ့ ကိုကိုးလေးရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ ကိုကိုးလေးဟာ ဖေဖေ့ပေါင်ပေါ်မှာ ထိုင်ကာ မေမေဓာတ်ပုံရိုက်တာကို ပြုံးပြီး ကြည့်နေတာ အသည်းယားစရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် ကိုကိုးလေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Poe Ei Ei Khant's Facebook Account 

Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account
Photo Credit - Poe Ei Ei Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။